7.23.2008

Notepad automatically insert Date & Time after every update

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို

ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.21.2008

Block a website in your computer

ဒီတစ်ခါတော့ဗျာ ကိုယ်မဖွင့်ချင်တဲ့ Website တွေကို ဖွင့်လို့ မရအောင်
လုပ်ကြည့်ရအောင်ဗျာ။ကိုယ့်ရဲ့ ကွန်ပျုတာကနေ ဘယ် Website ကို
ပိတ်ထားချင်တယ် ၊ရပါတယ်ခင်ဗျာ ။Gtalk စကားနဲ့ ပြောရရင် Block
ထားတာပေါ့ဗျာ။ :P ပြန်ဖွင့်လို့ လဲရပါတယ် ခင်ဗျာ။ မိဘတွေကကိုယ့်
ရဲ့ သားသမီးတွေကို ဒီ Website ကမကောင်းဘူး၊ မကြည့်စေချင်ရင်
တော့ ပိတ်တားလိုက်ပေါ့ဗျာ။ :) လျှာရှည်နေတာနဲ့ လိုရင်းကိုမရောက်
တော့ဘူး၊လုပ်ကြည့်လိုက်ရအောင် ခင်ဗျာ။
လွယ်ပါတယ်ခင်ဗျာ....

C:\windows\system32\drivers\etc ဆိုတာထိကို သွားလိုက်ပါခင်ဗျာ၊

etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ့ ဖွင့်
လိုက်ပါ ခင်ဗျာ။
127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ့ ရပါလိမ့်မယ်။

တွေ့ ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost
ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့
Website နာမည်လေးကို အစားတိုးပေးပါ ခင်ဗျာ။ Notepad လေးကို save
လိုက်ပါခင်ဗျာ။ restart ပေးလိုက်ပါ ။Windows တက်လာတာနဲ့ ကိုယ်မဖွင့်
ချင်တဲ့ Website လေးကို အခုလို တွေ့ ရပါမယ် ခင်ဗျာ။

ပြန်ဖွင့်ချင်တယ် တိုရင်တော့ ကျွန်တော်တို့ ကူးထည့်ထားတဲ့ စာကြောင်း
လေးကို ပြန်ဖျက်၊ file ကို Save ၊restart ပေးလိုက်ရင် ပြန်ပွင့်သွားပါလိမ့်
မယ်ခင်ဗျာ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.20.2008

How to find your IP Address?

ကိုယ့်ရဲ့ IP ADDRESS ကို အလွယ်တကူ ရှာတာလေးပါ။
သိပြီးတဲ့သူတွေအတွက်ကတော့ အတော်ကို လွယ်ပါတယ်။
ကျွန်တော် အရင်ကြုံဖူးတာပါခင်ဗျာ။ မင်းရဲ့IP ADDRESS
ကဘာလဲလို့ မေးတော့ ကျွန်တော် ယောင်ယောင်ဝါးဝါးနဲ့ ၊
ဘာပြောလို့ ပြောရမယ်ကို မသိဘူး။ ကိုယ့်စက်ရဲ့ IP ကို
ဘယ်နားက ဘယ်လိုရှာရမယ် မသိဘူးဗျာ။ ကျွန်တော့်လို
ယောင်ယောင်ဝါးဝါး မဖြစ်ရအောင်ပါခင်ဗျာ။သိပြီးတဲ့သူ ၊
တွေကတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ ခင်ဗျာ။

လွယ်လွယ်လေးပါခင်ဗျာ။
START > Run ထဲမှာ cmd လို့ ရိုက်လိုက်ပါ။ cmd ထဲမှာ
ipconfig /all ဆိုတာလေးကို ရိုက်ထည့်လိုက်ရုံပါ ခင်ဗျာ။
ဒါဆိုရင်တော့ ကိုယ့်စက်ရဲ့ IP ကိုတွေ့ ရပါမယ် ခင်ဗျာ။ ။
You will see your IP Address :) :) :)

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.18.2008

Test if your antivirus is working properly

ကိုယ့်ရဲ့ ကွန်ပျုတာမှာတင်ထားတဲ့  Anti-Virus အလုပ်ကောင်းကောင်း
လုပ်မလုပ်ကို စမ်းကြည့်လို့ ရပါတယ်ခင်ဗျာ။ကိုယ့်ကွန်ပျုတာတင်ထားတဲ့
Anti-Virus မလုပ်ရင် နောက်ဆက်တွဲ ပြသနာတွေရဲ့ ရလာဒ်ကတော့သိပြီး
သားဖြစ်ကြမှာပါခင်ဗျာ။ ကိုယ့်ဆီကနေ ဘာမှမဆုံးရှုံးရအောင် ကိုယ်ကသာ
ကာကွယ်နိုင်မှာပါ။ ဒီလိုစမ်းကြည့်တာ ဘာမှပင်ပန်းတဲ့ အလုပ်မဟုတ်ပါဘူး
ခင်ဗျာ။အလုပ်မလုပ်ဘူးဆိုရင် တခြား Anti-Virus ပြောင်းတင်မယ်ပေါ့ခင်ဗျာ။
စမ်းကြည်ချင်ရင်တော့....


အရင်ဆုံး Notepad ကို ဖွင့်ပြီးတော့ အောက်မှာပေးထားတဲ့ Code လေးကို
Copy လုပ်လိုက်ပါ။


X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-
TEST-FILE!$H+H*


File name ကိုတော့ fakevirus.exe လို့ ပေးလိုက်ပါခင်ဗျာ။ ပြီးရင် Save လိုက်ပါ။
ကိုယ်တင်ထားတဲ့ Anti-Virus အလုပ်လုပ်တယ်ဆိုရင်တော့အဲဒီ Save လိုက်တဲ
File ချက်ခြင်း ပျက်သွားပါလိမ့်မယ်။
If this file got deleted immediately......
That means ur antivirus is working properly .....
ပျက်မသွားဘူးဆိုရင်တော့ စက်မှာတင်ထားတဲ့ Anti-Virus အလုပ်မလုပ်တာပါ
ခင်ဗျာ။ဒါဆိုရင်တော့ Anti-Virus အသစ်ပြောင်းတင်မလား၊Serial Key
ဘဲပြောင်းမလား......ဆုံးရှုံးမှုများ ကင်းဝေးကြပါစေ။ ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.17.2008

Remove MSN Messenger from the Windows XP

Window XP ကနေပြီးတော့ MSN Messenger ကိုမလိုချင်တော့ဘူး၊
ဖြုတ်ပစ်ချင်တယ်ဆိုရင်တော့ အလုပ်မရှုပ်ပါဘူးခင်ဗျာ။အောက်ကအ
ဆင့်လေးအတိုင်း အလွယ်တကူ ဖြုတ်ပစ်လို့ ရပါတယ် ခင်ဗျာ။MSN
Messenger က Window ကနေတခါတည်းပါလာပြီးသား Messenger
ပါ။Control panel မှာရှိတဲ့ Add and Remove Program ကနေဖြုတ်ရင်
မရပါဘူးခင်ဗျာ။ကျွန်တော်လုပ်ကြည့်လို့ မရတာကိုပြောတာပါခင်ဗျာ ။



Start ကနေ Run ကိုသွားပြီးတော့ အောက်မှာရေးထားတဲ့Codeလေးကို
Copy ကူးပြီးထည့်လိုက်ပါ။ ပြီးရင် OK ပေါ့ ။

rundll32 setupapi,InstallHinfSection BLC.Remove 128 %SystemRoot%
\INF\msmsgs.inf

ဒါဆိုရင်တော့ MSN Messenger ကို အလိုလျှောက် ဖယ်ရှားပေးသွားမှာ
ဖြစ်ပါတယ်။အဆင်ပြေချောမွေ့ ပါစေခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...