7.10.2008

How To Download IMEEM Music Free

IMEEM ကနေ သီချင်းတွေကို Download လုပ်ချင်တဲ့ သူတွေအတွက်
တော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ IMEEM မှာက လိုချင်တဲ့
သီချင်းလေးတွေ အများစုရှိတက်ပါတယ် ခင်ဗျာ။ အကုန်ရှိတယ်လို့ 
တော့မဆိုနိုင်ပါဘူး။ ဘလော့တွေမှာလည်း IMEEM ကသီချင်းတွေကို
တင်ကြတာများပါတယ်ခင်ဗျာ။ သီချင်းလေးတွေကို Download လုပ်
ထားတော့ ကိုယ်ကြိုက်တဲ့ အချိန်မှာ နားထောင်မလား ၊ ဒါမှမဟုတ်
ချစ်သှူ၊ရည်းစား၊သူငယ်ချင်းတွေက ဒီသီချင်းလေးကြိုက်လို့ ရှားပေး
ပါလားဆိုရင်တော့ အခုကျွန်တော်ပြောမယ့် အစီစဉ်လေးက အဆင်
ပြေမှာပါ။ သိပြီးရင်တော့ လွယ်တာပေါ့ ခင်ဗျာ။ ကျွန်တော်Download
လုပ်ရတဲ့ ပုံစံကို အသေးစိပ် ရေးပေးထားပါတယ် ခင်ဗျာ။

အရင်ဆုံး Software လေးးကို ဒီမှာ ယူပြီးတော့ Install လုပ်လိုက်ပါ။
Tools က Preferences မှာ ကိုယ်အသုံးပြုမဲ့ Browser ကို အမှတ်လေးပေးလိုက်ပါ။


အမှတ်လေးပေးပြီးရင် www.imeem.com ကိုသွားပါ။ကိုယ်ကြိုက်တဲ့ သီချင်းကိုရှာပြီးတော့ PLAY
လိုက်ပါ။ ကိုယ်ဖွင့်လိုက်တဲ့ သီချင်းက Free Music Zilla ထဲကို ရောက်သွားပါလိမ့်မယ်။

The playing music will be grabed by Free Music Zilla:

ိDownload လုပ်မယ်ဆိုရင်တော့ အမှတ်လေးခြစ်ပြီးတော့ Download ဆိုတာလေးကို Click ပေးလိုက်ပါ။

Download Complete ဖြစ်ရင် Files have been saved to: C:\Downloads\ဆိုတာကို နှိပ်လိုက်ရင် ကိုယ် Download လုပ်တဲ့ သီချင်းကို တွေ့ ရမှာပါ ခင်ဗျာ။ ကျွန်တော်က လျှာရှည်ပြီးတော့ ရှင်းပြနေတာကို ကြည့်ပြီး
ကြာမယ်လို့ မထင်ပါနဲ့ ခဏလေးပါခင်ဗျာ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ...

Add your Photos in My Computer Properties

ဒီတစ်ခါတော့ My Computer Properties မှာ ကိုယ့်ရဲ့ 
ဓာတ်ပုံ ၊Phone Number ၊Address လေးတွေထည့်
ကြည့်ရအောင်ဗျာ၊ပေါ်လာမယ့်နေရာကတော့ SYSTEM
ဆိုတာမှာပါ ၊Manufacture ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ 
နာမည်ပေါ့ဗျာ၊ဘာရယ်၊ညာရယ်တော့မဟုတ်ဘူးလူရှိန်
တာပေါ့ဗျာ..:) :P Model ဆိုတဲ့နေရာမှာတော့ ကျွန်တော့်
ရဲ့ Computer ကအစုပ်ဖြစ်နေပေမယ့်လည်း ကျွန်တော်
လိုချင်တဲ့ Computer အမျိုးအစားကိုရေးပါတယ်ခင်ဗျာ၊
ဥပမာ-SONY VIAO ပေါ့ ၊[Support Information]ဆိုတဲ့
နေရာလေးမှာကတော့ Phone Number ၊Address လေး
တွေရေးလို့ ရပါတယ်ခင်ဗျာ။ ကဲ လုပ်ကြည့်လိုက်ရအောင်။

ကျွန်တော်အောက်မှာပေးထားတဲ့ စာသားလေးတွေကိုအရင်
ဆုံး Notepad လေးနဲ့ ကူးလိုက်ပါ။

[General]

Manufacturer="MOE PYAY"

Model=SONY, VIAO

[Support Information]

Line1= Your Ph No

Line2= Your Address

အစိမ်းရောင်နဲ့ ရေးထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်
ကိုရေးနိုင်ပါတယ်။ ကဲ စိတ်ကြိုက်ရေးပြီးရင်တော့ Notepad
ကို သိမ်းပါမယ်၊ File name ကို "oeminfo.ini" နဲ့ System32
မှာ Save ပါခင်ဗျာ။ သိမ်းပြီးရင်တော့ ကိုယ်တင်ချင်တဲ့ Photo
က Bitmap (.bmp)၊ Size ကို100 x 150 ရအောင်ပြင်ပြီးတော့
File name ကို "oemlogo.bmp" နဲ့ System32 မှာပဲ Save ပါ
ခင်ဗျာ။ သိပြီးတဲ့သူတွေ အတွက်တော့ ခွင့်လွှတ်ပါခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ......မိုးပြေး

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.08.2008

Hidding your IP Address using Proxy Server

ကျွန်တော်တို့  WEBSITE တစ်ခုကိုပဲဝင်ဝင် ၊ဘလော့တွေထဲ
လျှောက်လည်ဦးမလား ၊ကိုယ့်ရဲ့ IP Address ကို Hidding
လုပ်ထားချင်ပါတယ် ၊ဘယ်ကလာလို့ လာတယ်ဆိုတာကို
မသိစေချင်ဘူးဆိုပါတော ခင်ဗျာ၊ ကျွန်တော် အခုလိုရေး
တာ C BOX တွေမှာ အော်ချင်ရာအော် ၊မဟုတ်တာတွေကို
ရေးဖို့ အတွက် မဟုတ်ရပါဘူးခင်ဗျာ။ကောင်းသော ဘက်မှ
တွေး၍ အသုံးပြုလို့ ရအောင်ပါခင်ဗျာ။ Blogspot ကိုဝင်ရ
တာ ခက်နေတဲ့ သူတွေအတွက် အဆင်ပြေအောင်အတွက်ပါ။
Hidding your IP Address using Proxy Server ဆိုတာကတော့
Ultra Surf လို Portable or Micro Application လည်း မဟုတ်ပါဘူး။
ဘယ် Browser ကနေမဆို အသုံးပြုလို့ ရပါတယ် ခင်ဗျာ။

လွယ်ကူပါတယ်ခင်ဗျာ၊ အရင်ဆုံး http://www.anonymouse.org
ကို ၀င်လိုက်ပါ။ ရောက်ပြီဆိုတာနဲ့  ကိုယ်ကြိုက်တဲ Language ကိုရွေးလိုက်ပါ။

ရွေးပြီးပြီ ဆိုရင်တော့ ကိုယ်ဝင်ချင်တဲ့ Website ရဲ့ address ကိုရိုက်ပါ။


ဒါဆိုရင်တော့ ပုန်းနေလို့ ရပါပြီ ခင်ဗျာ။
The Website Administrator does not know your IP Address.
He sees a IP Address from some part of the world.

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.06.2008

SHUTDOWN COMPUTER IN 3 SECONDS

ကွန်ပျုတာကို ၃ စက္ကန့် နဲ့ ပိတ်ကြည့်ရအောင်ခင်ဗျာ။
ရည်းစားက အခုချက်ခြင်းလာဆို့ လို့ အမြန်သွားချင်သူ
တွေ။ အိမ်က COMPUTER မသုံးနဲ့ လို့ ပြောလည်း သုံး
တယ် လာကြည့်တော့ COMPUTER ကိုအမြန်ပိတ်ပြီး
အိပ်ချင်ယောင်ဆောင်ချင်တဲ့သူတွေ အတွက်တော့အဆင်
ပြေမယ် ထင်လို့ ပါခင်ဗျာ :) :p လွယ်ကူပါတယ်ခင်ဗျာ ။
သိပြီးခဲ့ရင်လည်း ကျွန်တော်အခုလို ရေးလိုက်တဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Ctrl+Alt +Del ကိုနှိပ်လိုက်ပါ၊Task Manager
ပေါ်လာပါလိမ့်မယ်၊ Task Manager မှာ " SHUT DOWN "
ဆိုတဲ့ Option လေးရှိပါတယ် ၊Ctrlကိုနှိပ်ထားပြီး SHUT DOWN
ကို Click ပေးလိုက်ပါခင်ဗျာ၊ Turn Off ဆိုတာတွေ့ ရပါလိမ့်မယ်
Click ပေးလိုက်ပါ ၊Ctrl ကိုတော့ SHUT DOWN ဖြစ်သွားတဲ့ အထိ
နှိပ်ပေးထားရပါမယ်ခင်ဗျာ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

CHANGE TITLE OF INTERNET EXPLORER

ကျွန်တော်တို့  INTERNET EXPLORER ရဲ့ TITLE လေးမှာ
ကိုယ်ပေါ်စေချင်တဲ့ စာသားလေးတွေ ရေးမယ်ဆိုရင်တော့
ရေးလို့ ရပါတယ်။ဘာမှတောမဟုတ်ပါဘူး အခုလိုရေးလိုက်
တော့ကော BROWSER SPEED တက်လာမလား ၊တက်မ
လာပါဘူး၊ အပြောင်းအလဲသဘော မျိုးပါ။ဥပမာ-ကိုယ်ချစ်တဲ့
သူရဲ့ နာမည်လေး ဒါမှမဟုတ် ကိုယ့်ရဲ့ နာမည်ကိုရေးမလား၊
ရေးလို့ ရပါတယ်၊ အောက်ကအဆင့်လေးအတိုင်း လုပ်ကြည့်
လိုက်ပါချင်ဗျာ။

Run > regedit > Reginstry Editor ပေါ်လာပြီဆိုရင်
HKEY_CURRENT_USER > Software > Microsoft >
Internet Explorer >Main ဆိုတာကိုရောက်ရင် Main
ဆိုတာလေးကို Click ပေးပြီးတော့ ညာဘက်အခြမ်းမှာ
" Window Title "ဆိုတာလေးကိုရှာလိုက်ပါ၊ တွေ့ ပြီဆိုရင်
Modify လုပ်ပါ Value ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့နာမည်
ကိုပေးလိုက်ပါခင်ဗျာ။ Reginstry Editor ကိုပိတ်လိုက်ပါ။
INTERNET EXPLORER ရဲ့ TITLE လေးမှာကိုယ်ပေးလိုက်တဲ့
နာမည်လေးကို အမြဲထာဝရ တွေ့ နိုင်ပါပြီ ခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...