8.09.2008

WINDOWS VISTA ရဲ့ START MENU အားပိုမိုမြန်ဆန်စေခြင်း

ကျွန်တော်တို့ WINDOWS VISTA မှာ START MENU ရဲ့ Delay Time ကိုလျှော့ချ
တဲ့ပုံစံလေးပါ။ WINDOWS VISTA မှာ Default က 400 milliseconds ဖြစ်ပါတယ်၊
သူပေးထားတဲ့ Default Time လေးကို ပြင်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ 
အရင်သုံးနေတာထက် ပိုပြီး START MENU ကမြန်ဆန်လာမှာ။ 400 milliseconds
ကို 50milliseconds ပြောင်းပေးလိုက်ရင် ရပါပြီ။ဘာလို့ 50milliseconds ကိုပြောင်း
ပေးရလဲဆိုတော့ 50milliseconds အောက်နည်းသွားပြီဆိုရင် START MENUကအ
ရမ်းကိုမြန်နေပြီး အသုံးပြုရတာ အဆင်မပြေ တော့လို့ ပါ။ 50milliseconds ဆိုတာ
ကလည်း ပုံသေမဟုတ်ပါဘူး၊ကိုယ်အဆင်ပြေသလို ပြောင်းလို့ ရပါတယ်။
Start Menu > Run > regedit > HKEY_CURRENT_USER> Control Panel >
Desktop ကိုရောက်တာနဲ့ ညာဘက် အခြမ်းမှာ MenuShowDelay ဆိုတာကိုရှာလိုက်
ပါ။တွေ့ ပြီဆိုရင် Modify လုပ်ပါ Value dataကို 400 ကနေ 50 ကိုပြောင်းပေးလိုက်ပါ၊
Registry Editor ကိုပြန်ပိတ်ပြီးတော့ Restart ပေးလိုက်ပါ။ WINDOWS ပြန်တက်လာ
တာနဲ့ START MENU ဟာသိသာစွာ မြန်ဆန်လာမှာပါ။



အဆင်ပြေပါစေ ခင်ဗျာ။ :) :y :L


ဆက်လက်ဖတ်ရှုပါခင်ဗျာ...

8.08.2008

Remove Recent Documents From Windows Start Menu

အခုတလောဗျာ Connection ကလည်း တော်တော်ကို မကောင်းတာဗျာ။
စိတ်တွေလည်း ညစ်ပဗျာ။ စာကိုကောင်းကောင်း မရေးရပါဘူး။ အဲဒါနဲ့ ပဲ
ကျွန်တော့်ညီလေး သံလုံငယ် ဘလော့(၁)လပြည့်ဆိုလို့ ယာမကာလေးမှီ
ဝဲပြီးစည်းစိမ်ယစ်နေတာပေါ့ဗျာ။ နည်းနည်း လျှာရှည်သွားပါတယ် ခင်ဗျာ။
Start Menu မှာပေါ်နေတဲ့ Recent Documents လေးကို မတွေ့ ချင်ဘူး
ဆိုရင်တော့ ရှင်းလိုက်တာပေါ့။ ကိုယ်ဖွင့်ကြည့်ထားတဲ့ ဟာလေးတွေကိုမ
တွေ့ စေချင်ရင်တော့ အဆင်ပြေမှာပါ။ကျွန်တော်တို့  Recent Documents
ကိုနေရာ(၂)နေရာကနေ ဖြုတ်လို့ ရပါတယ်ဗျာ။ကျွန်တော်သိသလောက်ကို
ပြောတာနော်၊ပထမနည်းကတော့ Registry Editor ကနေဖြုတ်တဲ့ပုံစံလေး
ကိုမျှဝေချင်ပါတယ်။ အရင်ဆုံးကတော့ Start > Run > regedit > OKပေါ့၊
HKEY_CURRENT_USER > Software > Microsoft > Windows >Curr
ent Version > policies > Explorer ကိုရောက်ရင် ညာဘက်အခြမ်းမှာ
R-Click > New > DWORD Value ကိုယူလိုက်ပါ။ Value name ကိုတော့
NoRecentDocsMenu ၊Value Data ကို 1လို့ ပေးလိုက်ပါ။Registry Editor
ကိုပိတ်ပြီးတော့ Restart ပေးလိုက်ရင် Start Menu မှာပေါ်နေတဲ့ Recent
Documents ကိုမတွေ့ ရတော့ပါဘူး။ ပြန်ပေါ်စေချင်ရင်တော့ အရင်ယူထား
တဲ့ DWORD Value လေးကို Delete လုပ်လိုက်ရင် ပြန်ပေါ်လာမှာပါ။

ုဒုတိယပုံစံ Group Policy ကနေဖြုတ်တာကိုတော့ မနက်ဖြန်ပေါ့ ခင်ဗျာ :) :)

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

8.06.2008

Recycle Bin ကို Desktop ပေါ်မှာမတွေ့ ချင်ရင်

ကျွန်တော်လည်း အလုပ်မရှိ အလုပ်ရှာရင်း ကွန်ပျုတာရှေ့ တွင် ခေါင်းစဉ်
ဖော်ပြ၍ မရသော အလုပ်များဖြင့် အချိန်ကုန်နေခိုက် Recycle Bin ကိုအ
မြင်ကတ်သဖြင့် Desktop ပေါ်မှနေ၍ မောင်းထုတ်ပြစ်ရန် စဉ်းစားမိသဖြင့်
ဒီ Post လေးကိုရေးမိပါတယ် ခင်ဗျာ။သိပြီးသားသူတွေ အတွက်ကတော့၊
ခလေးအထာလေးတွေပေါ့ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပြန်လုပ်
မယ်ဆိုရင် မှတ်မိအောင်လို့ ပါ။အရင်ဆုံး Start > run ထဲမှာ gpedit.msc
ဆိုတာလေးကို ရိုက်ထည့်ပြီး OK ပေးလိုက်ရင် Gruop Policy ဆိုတာလေး
ပေါ်လာပါလိမ့်မယ်။ User Configuration > Administrative Templates
> Desktop ကိုရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Remove Recycle Bin
icon from desktop ဆိုတာကို ရှာလိုက်ပါ။တွေ့ ရင် R-Click >Properties
> Enabed ကို Click လုပ်လိုက်ပါ Apply ,Ok ပေါ့။ ပြီးရင်Gruop Policy ကို
ပိတ်လိုက်ပါ။Desktop ပေါ်မှာ Recycle Bin ကိုတွေ့ ရတော့မှာမဟုတ်တော့
ပါဘူးခင်ဗျာ။ပြန်ပေါ်စေချင်ရင်တော့ Not Configured ဆိုတာကို ပြန် Click
ပေးလိုက်ရင်ရပါပြီ ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ :) :y :D ;) :L


Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

8.03.2008

How To Multiple Login in Yahoo Messenger

မင်္ဂလာပါခင်ဗျာ....
ကျွန်တော်တို့ တွေ Gtalk ကို Multiple ခွဲပြီး အသုံးပြုရတာကို သိပြီးသားဖြစ်ကြမှာပါ။
Multiple ခွဲလိုက်တော့ ဘာဖြစ်လည်းဆိုတော့ ကိုယ်ကြိုက်သလောက် ဖွင့်ပြီး အဆင်
ပြေပြေသုံးလို့ ရလာတာပေါ့ဗျာ။Gtalk ကို Multiple လုပ်ပြီးသုံးမယ်ဆိုရင်တော့ လွယ်
တယ်လေ၊nomutex ဆိုတာလေးနဲ့ တင် အဆင်ကိုပြေလို့ ။:P :D Yahoo Messenger
ကို Multiple ခွဲပြီးတော့ အသုံးပြုကြည့်ရအောင်ဗျာ ။ Yahoo Messenger ကိုတော့
Registry Editor ကနေပြီးတော့ Multiple သုံးလို့ ရအောင် ပြင်ယူမှာပါ ခင်ဗျာ။

အရင်ဆုံး Run > regedit ပြီးတော့ OK ပေါ့ဗျာ။ Registry Editor လေးပေါ်လာပါလိမ့်
မယ်။ HKEY_CURRENT_USER >Software > Yahoo > pager > Test ကိုရောက်
ရင် ညာဘက်အခြမ်းမှာ R-click >New > DWORD Value တစ်ခုကိုယူပါ၊ Name ကို
တော့ plural ၊ value ကို 1 ပေးလိုက်ပါ။ ပြီးရင်တော့ Registry Editor ကိုပိတ်လိုက်ပါ၊

ဒါဆိုရင်တော့ Yahoo Messenger ကို မိမိလိုသလောက် ဖွင့်ပြီးအသုံးပြုနိုင်ပါပြီခင်ဗျာ၊

အဆင်ပြေစွာနဲ့ အသုံးပြုနိုင်ပါစေ ခင်ဗျာ။ :) :y :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ...