7.18.2008

Test if your antivirus is working properly

ကိုယ့်ရဲ့ ကွန်ပျုတာမှာတင်ထားတဲ့  Anti-Virus အလုပ်ကောင်းကောင်း
လုပ်မလုပ်ကို စမ်းကြည့်လို့ ရပါတယ်ခင်ဗျာ။ကိုယ့်ကွန်ပျုတာတင်ထားတဲ့
Anti-Virus မလုပ်ရင် နောက်ဆက်တွဲ ပြသနာတွေရဲ့ ရလာဒ်ကတော့သိပြီး
သားဖြစ်ကြမှာပါခင်ဗျာ။ ကိုယ့်ဆီကနေ ဘာမှမဆုံးရှုံးရအောင် ကိုယ်ကသာ
ကာကွယ်နိုင်မှာပါ။ ဒီလိုစမ်းကြည့်တာ ဘာမှပင်ပန်းတဲ့ အလုပ်မဟုတ်ပါဘူး
ခင်ဗျာ။အလုပ်မလုပ်ဘူးဆိုရင် တခြား Anti-Virus ပြောင်းတင်မယ်ပေါ့ခင်ဗျာ။
စမ်းကြည်ချင်ရင်တော့....


အရင်ဆုံး Notepad ကို ဖွင့်ပြီးတော့ အောက်မှာပေးထားတဲ့ Code လေးကို
Copy လုပ်လိုက်ပါ။


X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-
TEST-FILE!$H+H*


File name ကိုတော့ fakevirus.exe လို့ ပေးလိုက်ပါခင်ဗျာ။ ပြီးရင် Save လိုက်ပါ။
ကိုယ်တင်ထားတဲ့ Anti-Virus အလုပ်လုပ်တယ်ဆိုရင်တော့အဲဒီ Save လိုက်တဲ
File ချက်ခြင်း ပျက်သွားပါလိမ့်မယ်။
If this file got deleted immediately......
That means ur antivirus is working properly .....
ပျက်မသွားဘူးဆိုရင်တော့ စက်မှာတင်ထားတဲ့ Anti-Virus အလုပ်မလုပ်တာပါ
ခင်ဗျာ။ဒါဆိုရင်တော့ Anti-Virus အသစ်ပြောင်းတင်မလား၊Serial Key
ဘဲပြောင်းမလား......ဆုံးရှုံးမှုများ ကင်းဝေးကြပါစေ။ ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.17.2008

Remove MSN Messenger from the Windows XP

Window XP ကနေပြီးတော့ MSN Messenger ကိုမလိုချင်တော့ဘူး၊
ဖြုတ်ပစ်ချင်တယ်ဆိုရင်တော့ အလုပ်မရှုပ်ပါဘူးခင်ဗျာ။အောက်ကအ
ဆင့်လေးအတိုင်း အလွယ်တကူ ဖြုတ်ပစ်လို့ ရပါတယ် ခင်ဗျာ။MSN
Messenger က Window ကနေတခါတည်းပါလာပြီးသား Messenger
ပါ။Control panel မှာရှိတဲ့ Add and Remove Program ကနေဖြုတ်ရင်
မရပါဘူးခင်ဗျာ။ကျွန်တော်လုပ်ကြည့်လို့ မရတာကိုပြောတာပါခင်ဗျာ ။



Start ကနေ Run ကိုသွားပြီးတော့ အောက်မှာရေးထားတဲ့Codeလေးကို
Copy ကူးပြီးထည့်လိုက်ပါ။ ပြီးရင် OK ပေါ့ ။

rundll32 setupapi,InstallHinfSection BLC.Remove 128 %SystemRoot%
\INF\msmsgs.inf

ဒါဆိုရင်တော့ MSN Messenger ကို အလိုလျှောက် ဖယ်ရှားပေးသွားမှာ
ဖြစ်ပါတယ်။အဆင်ပြေချောမွေ့ ပါစေခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.14.2008

Disable Right Click on the Desktop

Desktop ပေါ်မှာ Right Click ပေးလို့ မရအာင် လုပ်ကြည့်ချင်တယ်
ဆိုရင်တော့ လုပ်ကြည့်နိုင်အောင်ပါခင်ဗျာ၊စမ်းကြည့်ချင်တယ်ဆိုရင်
ပေါ့၊ ကိုယ့်ရဲ့  Computer ကိုတော့ လုပ်မယ် မထင်ပါဘူး ခင်ဗျာ ။
အခြားသူတစ်ယောက်ကို ထိခိုက်ပါစေ ဆိုတဲ့ရည်ရွယ်ချက်လည်းမရှိ
ပါဘူးခင်ဗျာ။

အရင်ဆုံး Run > regedit > HKEY_CURRENT_USER > Software
Microsoft > Windows > CurrentVersion > Policies > Explorer
ရောက်ပြီဆိုတာနဲ့ ညာဘက်အခြမ်းမှာ R- Click > New > DWORD
Valueလိုက်ပါ Name ကိုတော့ NoViewContextMenu ၊DWORD value
ကို 1ပေးလိုက်ပါခင်ဗျာ။ ပြီးရင် Restart ပေးလိုက်ပါ ။ဒါဆိုရင်တော့
Desktop ပေါ်မှာ R- Click ပေးလို့ မရတော့ပါဘူးခင်ဗျာ။

R- Click ကို Enable ပြန်လုပ်မယ် ဆိုရင် တော့ လွယ်ပါတယ် ခုနက New
ကနေယူထားတဲ့ DWORD Value ကို Delete လုပ်လိုက်ပါ Restart လုပ်ပြီး
ရင် Enable Right Click on the Desktop ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။

အနီနဲ့ ပြထားတဲ့ ဟာလေးကို Delete လုပ်ရမှာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

7.13.2008

YOUTUBE ,METACAFE ,GOOGLE DOWNLOAD

YOUTUBE ,METACAFE ,GOOGLE စတဲ့ Site တွေထဲက Video
လေးတွေကို Download ယူချင်တဲ့သူတွေအတွက် အလွယ်တကူ
အဆင်ပြေစေမှာပါ။ Youtube Downloader ,Real Player လည်း
မလိုပါဘူးခင်ဗျာ၊ ကျွန်တော်တို့ Youtube ကနေ သီချင်းတစ်ပုဒ်ကို
Download လုပ်မယ်ဆိုရင်

www.keepvid.com ကိုဝင်လိုက်ပါခင်ဗျာ။
အဲဒီ သီချင်းရဲ့  URL Link လေးကိုယူပြီး
တော့ကူးထည့်ပေးလိုက်ရုံပါပဲ။

URL Link ကိုထည့်ပြီး ဘေးကအကွက်မှာ ကိုယ် Download လုပ်ချင်တဲ့ Site ကိုရွှေးပြီးတော DOWNLOAD ကို Click ပေးလိုက်ပါခင်ဗျာ။

DOWNLOAD ကို Click ပေးပြီးခဏကြာရင် အပေါ်မှာပြထားတဲ့ ပုံစံအတိုင်း Download ဆိုတာကို R-Click နှိပ်ပြီးတော့ ကိုယ်နှစ်သက်တဲ့ File Type နဲ့ သိမ်းလို့ ရပါပြီ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...

Microsoft Office ကို Password နဲ့ သိမ်းမယ်.....

အခုကျွန်တော်ပြောပြမယ့် အကြောင်းအရာကို သိပြီးတဲ့
သူတွေ ရှိပါလိမ့်မယ် ခင်ဗျာ၊ကျွန်တော်က သိပြီးနေရင်
လည်း ပြန်မှတ်မိစေချင်လို့ ပါ ခင်ဗျာ။ကျွန်တော်ကတော့
အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ပါခင်ဗျာ။
MICROSOFT OFFICE မှာကိုယ်က Word နဲ့ စာတွေရေး
မလား ၊ Excel နဲ့ စာရင်းဇယားတွေ လုပ်မလား ၊Power
Point နဲ့ Presentation တွေလုပ်မလား၊Microsoft Office
မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေးတွေကို Password
နဲ့ သိမ်းတဲ့ အကြောင်းလေးပါ ခင်ဗျာ။ကိုယ်ပိုင်ကွန်ပျုတာ
ဆိုရင်လည်း ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ တွေကိုသိမ်းထား
လို့ ရတာပေါ့၊ အများနဲ့ အသုံးပြုရတဲ့ ကွန်ပျုတာတွေမှာဆို
ပိုပြီး လိုအပ်မယ်ထင်ပါတယ်။လွယ်ကူပါတယ်ခင်ဗျာ။

ဥပမာ Microsoft Word နဲ့ စာတစ်မျက်နှာရေးပြီးတော့သိမ်း
မယ်ဆိုပါတော့ Tools > Options > Security > Password
to Open ဆိုတာရဲ့ ဘေးက အကွက်ထဲမှာ ကိုယ်ပေးချင်တဲ့
Password ကိုပေးလိုက်ပြီး OK ဆိုရင်တော့ နောက်တစ်ခါပြန်
ဖွင့်ချင်တယ်ဆိုရင် ကိုယ်ပေးထားတဲ့ Password နဲ့ မှ ပြန်ဖွင့်
လို့ ရပါတော့မယ်။

ဒီထက်ပိုပြီး လုံခြုံချင်တယ် ဆိုရင်တော့
Macro Security ဆိုတာရှိပါတယ်ခင်ဗျာ Low,Medium,Hight
Very hight ဆိုတဲ့ နေရာလေးမှာ ကိုယ်ထားချင်တဲ့ လုံခြုံမှုအဆင့်
အတန်းနဲ့ သိမ်းလို့ လည်းရပါတယ်ခင်ဗျာ။

ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ...